Help Center

EMPO | အကူအညီစင်တာ - အပိုင်း ၁

အကူအညီ လိုအပ်နေပါသလား။

သင်သိရှိလိုသမျှကို အောက်တွင်ရှာဖွေနိုင်ပါသည်။ ကျွန်ုပ်တို့ ကူညီရန် အသင့်ရှိပါသည်။

အဓိက ကဏ္ဍများ

သင်တန်းဝယ်ယူခြင်း

သင်တန်းရှာဖွေခြင်း၊ စာရင်းပေးသွင်းခြင်းနှင့် ဝယ်ယူခြင်းဆိုင်ရာများ။

ငွေပေးချေမှု

ငွေပေးချေမှုစနစ်များ၊ ပြန်အမ်းငွေနှင့် ဘဏ္ဍာရေးဆိုင်ရာများ။

သင်တန်းမှူးလမ်းညွှန်

သင်တန်းဖန်တီးခြင်း၊ စီမံခန့်ခွဲခြင်းနှင့် ဝင်ငွေထုတ်ယူခြင်းများ။

နည်းပညာပိုင်းဆိုင်ရာ

Account ပြဿနာများ၊ website အသုံးပြုမှုနှင့် အခြားနည်းပညာဆိုင်ရာများ။

EMPO | အကူအညီစင်တာ - အပိုင်း ၂

အမေးအဖြေ ကဏ္ဍ (FAQ)

သင်တန်းတစ်ခုကို ဘယ်လိုဝယ်ယူရမလဲ။
သင်စိတ်ဝင်စားသော သင်တန်းစာမျက်နှာသို့ သွားပါ။ "Add to Cart" သို့မဟုတ် "Enroll Now" ခလုတ်ကို နှိပ်ပါ။ ထို့နောက် Cart စာမျက်နှာသို့ သွားပြီး "Proceed to Checkout" ကိုနှိပ်ကာ ငွေပေးချေမှု အဆင့်များကို ဆက်လက်လုပ်ဆောင်နိုင်ပါသည်။
ဘယ်လို ငွေပေးချေမှုစနစ်တွေနဲ့ ပေးချေလို့ရပါသလဲ။
ကျွန်ုပ်တို့၏ platform တွင် KBZPay, WavePay ကဲ့သို့သော Mobile Banking စနစ်များဖြင့် အလွယ်တကူ ငွေပေးချေနိုင်ပါသည်။ ငွေပေးချေမှု စာမျက်နှာတွင် သင်အဆင်ပြေမည့် နည်းလမ်းကို ရွေးချယ်နိုင်ပါသည်။
သင်တန်းပြီးဆုံးသွားရင် Certificate ရရှိမှာလား။
ဟုတ်ကဲ့။ သင်တန်းအများစုတွင် သင်ခန်းစာအားလုံး ပြီးဆုံးအောင် လေ့လာပြီးပါက သင်တန်းပြီးဆုံးကြောင်း အောင်လက်မှတ် (Certificate of Completion) ကို သင်၏ Dashboard မှတစ်ဆင့် ဒေါင်းလုဒ် ရယူနိုင်မှာ ဖြစ်ပါတယ်။
သင်တန်းမှူးအဖြစ် ဘယ်လိုလျှောက်ထားနိုင်မလဲ။
သင်တန်းမှူးအဖြစ် လျှောက်ထားလိုပါက Website Menu ရှိ "How to become an Instructor" စာမျက်နှာသို့ သွားပြီး လမ်းညွှန်ချက်များအတိုင်း လျှောက်ထားနိုင်ပါသည်။ သင်၏ လျှောက်လွှာကို ကျွန်ုပ်တို့ Team မှ စစ်ဆေးပြီး အကြောင်းပြန်ကြားပေးပါမည်။
Password မေ့သွားရင် ဘယ်လိုလုပ်ရမလဲ။
Login စာမျက်နှာရှိ "Forgot Password?" သို့မဟုတ် "Lost your password?" link ကို နှိပ်ပါ။ သင်၏ email လိပ်စာကို ထည့်သွင်းပြီး Password အသစ်ပြန်လည်သတ်မှတ်ရန်အတွက် လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်နိုင်ပါသည်။
သင်တန်းဝယ်ပြီးရင် ဘယ်လောက်ကြာကြာ ကြည့်ရှုခွင့်ရမလဲ။
သင်တန်းအားလုံးကို တစ်သက်တာကြည့်ရှုခွင့် (Lifetime Access) ပေးထားပါတယ်။ ဒါကြောင့် သင်ဝယ်ယူပြီးသား သင်တန်းတွေကို အချိန်မရွေး၊ နေရာမရွေး သင်အဆင်ပြေတဲ့အချိန်မှာ ပြန်လည်လေ့လာနိုင်မှာဖြစ်ပါတယ်။
သင်တန်းတစ်ခုကို မကြိုက်ရင် ငွေပြန်အမ်းပေးပါသလား။
ဟုတ်ကဲ့၊ ငွေပြန်အမ်းပေးပါတယ်။ သင်တန်းဝယ်ယူပြီး ၇ ရက်အတွင်း စိတ်တိုင်းမကျမှုတစ်စုံတစ်ရာရှိပါက ကျွန်ုပ်တို့၏ Refund Policy နှင့်အညီ ငွေပြန်အမ်းပေးနေပါတယ်။ အသေးစိတ် အချက်အလက်များအတွက် Website Menu ရှိ "Refund Policy" စာမျက်နှာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
သင်တန်းမှူးတစ်ယောက်အနေနဲ့ ဝင်ငွေဘယ်လိုထုတ်ယူရမလဲ။
သင်တန်းမှူးများအနေနဲ့ မိမိတို့ရဲ့ ဝင်ငွေတွေကို Dashboard ကနေတဆင့် အလွယ်တကူ ထုတ်ယူနိုင်ပါတယ်။ ငွေထုတ်ရန် အနည်းဆုံးပမာဏ ပြည့်မီပါက "Withdrawal" ကဏ္ဍတွင် မိမိတို့ရဲ့ ဘဏ်အကောင့်ကို ထည့်သွင်းပြီး ငွေထုတ်ယူနိုင်ပါတယ်။ ငွေထုတ်ခြင်းကို လစဉ် သတ်မှတ်ထားသောရက်တွေမှာ ပြုလုပ်ပေးပါတယ်။
ဝန်ထမ်းတွေအတွက် သင်တန်းတွေကို အများကြီးဝယ်ယူချင်ရင် အထူးဈေးနှုန်းရနိုင်မလား။
ဟုတ်ကဲ့၊ ရနိုင်ပါတယ်။ ကုမ္ပဏီများ၊ အဖွဲ့အစည်းများအတွက် ဝန်ထမ်းဦးရေအများအပြားအတွက် သင်တန်းများဝယ်ယူလိုပါက အထူးဈေးနှုန်းများဖြင့် Corporate Packages များကို စီစဉ်ပေးပါတယ်။ အသေးစိတ်သိရှိလိုပါက ကျွန်ုပ်တို့၏ Contact Page မှတစ်ဆင့် တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

အကူအညီ ဆက်လက်လိုအပ်နေသေးပါသလား။

သင်ရှာဖွေနေသောအဖြေကို မတွေ့ရှိပါက ကျွန်ုပ်တို့၏ Support Team ထံသို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။

ကျွန်ုပ်တို့ထံ ဆက်သွယ်ရန်